အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်း အမှတ် “ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့၌ ဖူဆယ်အားကစားရုံ (၁၅၀'×၁၁၀') ပွဲကြည့်စင်အပါ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 27,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာသို့ ရောက်ရှိကာ ရေစုတွင်းကျယ်တူးဖော်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
Jan 27,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုအဆင့်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်များပြခန်း (၅၄)ခန်း၊ သွင်းကုန် အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်များပြခန်း (၁၂)ခန်း၊ စိုက်ပျိုးရေး/မွေးမြူရေး အခြေခံ ထုတ်ကုန်ပြခန်း (၁၄)ခန်း၊ ပြည်ပပို့ကုန် ပြခန်း (၃)ခန်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုပြခန်း (၁၄)ခန်း စုစုပေါင်းပြခန်း (၉၁)ခန်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Jan 27,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု ကျောက်တောကျေးရွာတွင် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ဟောပြောပွဲ၊  ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 27,2026
မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်ဖို့ မျိုးဆက်ပွားကျန်းမာရေးနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း လေ့လာစို့ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင်ပြုလုပ်ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စန်းစန်းအေး နှင့် ဒေါက်တာ မီးမီးတင်သိန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မုံရွာတက္ကသိုလ်မှ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀) ဦးကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
Jan 27,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ‌ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ပုလုံးတုံတုံးကျေးရွာအုပ်စု ရွာသာယာကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘ‌ဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းအတွက် ရွာသာယာကျေးရွာတွင် ဇန်နဝါရီ၂၄ရက် နံနက်ပိုင်းက သက်ဆိုင် ရာဌာနများမှ ကဏ္ဍအလိုက်အသိပညာပေးဟောပြောသည်။