မိုးညှင်း မတ် ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း မတ်လ (၁၄) ရက် ညပိုင်းနှင့် (၁၅) ရက် နံနက်ပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုကြောင့် ကျေးရွာအုပ်စုများမှ လူနေအိမ်များနှင့် သာသနိကအဆောက်အအုံများ၏ ခေါင်မိုးများ ပေါက်ပြဲပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်အတွင်း မတ်လ (၁၄) ရက်ညပိုင်းနှင့် (၁၅) ရက်နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျမှုကြောင့် ကျေးရွာအုပ်စုများဖြစ်ကြသည့် လက်ပံတန်းကျေးရွာစု၊ ညောင်ကုန်းကျေးရွာအုပ်စုနှင့် အင်းကုန်းကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၆၂၅)စု၊ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ဓမ္မာရုံသုံးခု၊ စာသင်ကျောင်းဆောင် လေးဆောင်နှင့် လူမှုကူညီရေးအသင်းရုံး တစ်ရုံးတို့၏ ခေါင်မိုးများ ပေါက်ပြဲပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ရွေမိုးညှင်း