တီးတိန်မြို့၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပ ဗေဒ/သမိုင်းဘာသာရပ်အေးချမ်းစွာဖြေဆို

တီးတိန်   မတ်   ၁၆

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၆၊ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတီးတိန် စာစစ်ဌာနတွင်ယနေ့ ရူပဗေဒ/သမိုင်းဘာသာရပ်ကို ကျောင်းသား ကျောင်းသူများအေးချမ်းစွာ‌ ဖြေဆိုကြသည်။

ထိုသို့တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဖြိုးဝင်းသန်း နှင့် အဖွဲ့ဝင်များကလုံခြုံရေးအခြေအနေ ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်စာစစ်ဌာနတွင်စာရင်းရှိ (၃၂၁)ဦးရှိပြီး ဖြေဆိုသူ (၃၀၁)ဦးရှိရာယနေ့ ရူပဗေဒ/သမိုင်းဘာသာရပ် ဖြေဆိုသူ၉၃.၇၇ရာခိုင် နှုန်းရှိကြောင်းသိရသည်။

မြို့နယ် ( ပြန်/ဆက်)