ဖျာပုံမြို့နယ်တွင် (၂၀၂၆)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပဥ္စမနေ့ ရူပဗေဒနှင့်သမိုင်းဘာသာရပ် အေးချမ်းစွာဖြင့်ဆက်လက်ဖြေဆို

ဖျာပုံ  မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် (၂၀၂၆)ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား စာစစ်ဌာန(၁၁)ခုဖြင့် ကျင်းပဆောင်ရွက်ရာ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲပဥ္စမနေ့ ရူပဗေဒနှင့်သမိုင်းဘာသာရပ်အားဆက်လက်ဖြေဆိုလျက်ရှိကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် စာစစ်ဌာန(၁၁)ခုရှိသည့်အနက် စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ကျောင်းသား/သူဦးရေ (၁၇၆၈)ဦးရှိပြီး ယနေ့ပဥ္စမနေ့ ရူပဗေဒနှင့်သမိုင်းဘာသာရပ် အား ဖြေဆိုသူ(၁၆၅၆)ဦးလာရောက်ဖြေဆိုသဖြင့် ပျက်ကွက်(၁၁၂)ဦးရှိကြောင်း၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၃.၆၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဖျာပုံမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက်စာစစ်ဌာနပြင်ပများတွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဝင်များ၊ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ပညာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကြီးကြပ်တာဝန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)