အမြို့မြို့အနယ်နယ်သတင်းများ

May 08,2026
၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်အမျိုးသားဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် ၇ နာရီခွဲက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
May 08,2026
ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)၏ (၁၄၉၀)ကြိမ်၊ ရှမ်းတောင်မြို့နယ် ပေါင်းစုံဓမ္မစကူးလ်ကော်မတီ(၄၅)ကြိမ် ကျိုင်းတောင်းမြို့နယ် ဓမ္မစကူးလ်ကော်မတီ(ပထမ) အကြိမ် မူလတန်းအဆင့် ဓမ္မစကူလ်းဆရာအဖြစ်သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီ၌ ကျိုင်းတောင်မြို့ မွေတော်မြို့နံစေတီဘုရားဝန်းအတွင်း ဓမ္မာရုံတွင် နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။
May 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။
May 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (၁/၄)မိုင်အား ရေတားတမံတည်ဆောက်ခြင်းနှင့် ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။
May 08,2026
မကွေးတိုင်း​ဒေသ​ကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်(၉)နှစ်အောက် ကလေးငယ်များအား ကူးစက်ရောဂါကင်းဝေးစေရန်ရည်ရွယ်၍ တောင်တွင်းကြီးမြို့နယ် မိခင်နှင့်က​လေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြသည်။
May 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ လူရည်ချွန်စခန်း(ချောင်းသာ)တွင် စခန်းချနေထိုင်မည့် တက္ကသိုလ်လူရည်ချွန်မောင်မယ်များသည် မေ ၆ ရက်နေ့ည ၈ နာရီအချိန်က ချောင်းသာမြို့သို့ ရောက်ရှိလာကြရာ ချောင်းသာမြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ချောင်းသာမြို့အဝင်နှင့် လူရည်ချွန်စခန်း(ချောင်းသာ)မုဒ်ဦးတို့တွင် ရင်းနှီး‌နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။