လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်များအား ဆက်လက်ဖြေဆို

လပွတ္တာ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန (၈) ခုတို့တွင် ရူပဗေဒနှင့်သမိုင်းဘာသာရပ်များအား ဖြေဆိုမှုစာရင်းရှိ (၁၃၅၈) ဦးရှိသည့်အနက် (၁၂၅၁) ဦး ဖြေဆိုလျက်ရှိပြီး (၁၀၇) ဦး ပျက်ကွက်လျက်ရှိရာ ပျက်ကွက်မှုရာခိုင်နှုန်း ၇ ဒသမ ၈၈ ရာခိုင်နှုန်း ရှိကြောင်း၊ ၎င်းစာစစ်ဌာစစ်ဌာန(၈)ခုတို့၌ ကျောင်းတွင်ဖြေဆိုရန်(၉၇၁)ဦး၊ ပြင်ပဖြေဆိုရန် (၂၈၀)ဦး ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၁၂၅၁) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်‌မော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက အတွင်းစည်း၊ အပြင်စည်းဖြင့်  အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း