အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များပါဝင်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။
Jan 27,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့နံနက်၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးက ကြီးမှူးပြုလုပ်သည့် ရှာဖွေကယ်ဆယ်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
Jan 27,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဂန့်ဂေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များသည်  ယနေ့နံနက် ၉ နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့မဈေးလမ်းထောင့်ရှိ လမ်းဆုံနေရာတို့တွင် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ကြသည်။
Jan 27,2026
မွန်ပြည်နယ်၊ မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၁၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက်ပိုင်းက စေတီတော်ဘုရားဝင်းရှိ ထာဝရအနန္တမေတ္တာဓမ္မာရုံ၌ ကျင်းပသည်။
Jan 27,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ အားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
Jan 27,2026
(၇၇)ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ (Republic Day) အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel တွင် ဇန်နဝါရီ ၂၆ ရက် ညပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးမြို့အခြေစိုက်အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အေးရိပ်သာ (၆) လမ်းရှိ ဦးချိုတူး (ဘ) ဦးမောင်လှ ပိုင်ဆိုင်သော  နေအိမ်မှစ၍ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ အနီးရှိအကာပျဥ်သို့မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ညနေ (၆) နာရီ (၁၅) မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ အလျား (၃၀) ပေ၊ အနံ (၄၀)ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နေအိမ် (၂) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။