အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို   ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမဆောင်၌  ကျင်းပသည်။
Jan 27,2026
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည်ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jan 27,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် မိသားစုစားဝတ်နေရေး ပြေလည်စေရန်၊ ဒေသဝမ်းစာဖူလုံစေရန်အပြင် စားရေရိက္ခာများဖူလုံစေရန်အတွက် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုနေ့စဥ်အပိုဝင်ငွေရရှိကြောင်း သိရသည်။
Jan 27,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ၌ ဆောင်းသီးနှံရာသီတွင် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
Jan 27,2026
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာပေလေ့လာဖတ်ရှုမှတ်သားသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ပျဥ်းမ)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 27,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 27,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရည်မွန်၊   မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ အုပ်ရှစ်ကွင်းအုပ်စု၊ ချောင်းဝကျေးရွာသို့ရောက်ရှိပြီး မီးလောင်ကျွမ်းခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လတ်တလောနေထိုင်မည့် ယာယီတဲ ဆောက်လုပ်နေမှုအား ကြည့်ရှုခဲ့သည်။