မဟာအောင်မြေ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၅၇ ဦး လာရောက်ဖြေဆိုကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း၌ စာစစ်ဌာန ငါးခုသတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ၁၇၃၃ ဦးရှိရာ ရူပဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ ၁၆၄၅ ဦး၊ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ ၇၄ ဦး၊ သမိုင်းဘာသာရပ် ဖြေဆိုသူ ၁၂ ဦး ပျက်ကွက် ၂ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၁၆၅၇ဦး၊ပျက်ကွက် ၇၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း