စစ်ကိုင်း မတ် ၁၆
စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ စာစစ်ဌာနများအလိုက် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။
စစ်ကိုင်းမြို့တွင် စာစစ်ဌာန (၅) ခုဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၀၂၉) ဦးနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူ (၂၂) ဦးရှိပြီး စုစုပေါင်း (၂၀၅၁) ဦးရှိရာ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၁၉၅၆) ဦး၊ ပျက်ကွက်သူ (၉၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အဆိုပါ စာစစ်ဌာနငါးခုသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်