ပြည်ကြီးတံခွန် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းကစတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို Grade-12 ကျောင်းသား၊ ကျောင်းသူများက ရှုပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိသည်။
အဆိုပါ ဖြေဆိုရာတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ အ.ထ.က(၂၇)၊ အ.ထ.က(၂၉)နှင့် အ.ထ.က(၃၂) စာစစ်ဌာနသုံးခုရှိပြီး ရှုပဗေဒစာမေးပွဲဖြေဆိုသူ စာရင်းရှိ ကျောင်းသား ၇၈၉ ဦးနှင့် ကျောင်းသူ ၁၀၄၆ ဦး စုစုပေါင်း ၁၈၃၅ ဦးရှိရာ လာရောက်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား ၇၀၄ ဦးနှင့် ကျောင်းသူ ၁၀၀၂ ဦး စုစုပေါင်း ၁၇၀၆ ဦး ပျက်ကွက်စာရင်း စုစုပေါင်း ၁၂၉ ဦးရှိရာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၂ ဒဿမ ၉၇ ရာခိုင်နှုန်းရှိပြီး သမိုင်းစာမေးပွဲ ဖြေဆိုသူစာရင်းရှိ ကျောင်းသား ၂၃ ဦးနှင့် ကျောင်းသူ ၂၂ဦး စုစုပေါင်း ၄၅ ဦးရှိပြီး လာရောက်စာမေးပွဲဖြေဆိုသူ ကျောင်းသား ၁၉ ဦးနှင့် ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၄၀ဦး ပျက်ကွက်စာရင်း စုစုပေါင်း ၅ဦးရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၈ ဒဿမ ၈၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)