အမြို့မြို့အနယ်နယ်သတင်းများ

May 25,2022
ကိုးခန်းကြီးလိုဏ်ဂူ (သို့) ဝတ်ကြီးလိုဏ်ဂူသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မှန်ကင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတည်ရှိကာ လိုဏ်ဂူအတွင်းမှ နံရံဆေးပန်းချီများမှာ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ဝန်းကျင်က ရေးဆွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။
May 25,2022
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၉) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်ရှိ ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း / တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယနေ့ နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ (၃၂) ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၉၉) ဦးနှင့် တတိယအကြိမ် Booster Dose ထိုးနှံသူ (၁၄၃) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၂၇၄) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 25,2022
 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ယမန်နေ့ညနေ ၆နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေပေါက်ပင်ရပ်ကွက်၊ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်၌ မန်ကျည်းပင် လဲပြိုကျခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
May 25,2022
ပုလောမြို့နယ် ပြင်ဘုကြီးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ လေးဘေးသင့်ကာ ခေါင်မိုးလန်ခဲ့သောနေအိမ်အား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ(၁၂) နာရီခွဲအချိန်ခန့်က ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
May 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ စံပြကျေးရွာအတွက် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက် (၁)လုံးကို ၅၀% ဖြင့် ယမန်နေ့ညနေက တောင်သူ (၁) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
May 25,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့က စတင်ထုတ်ချေးပေးနေကြောင်းသိရသည်။