ဘားအံ မေ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ (၂:၀၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံး(ဘားအံ)မှ ဒုတိယရဲမှူး သိန်းဇော် မြင့်က လူကုန်ကူးမှုဖြစ်ပေါ်လာသည့် အခြေအနေများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းထားရှိမှုများ၊ မြန်မာ နိုင်ငံတွင် လူကုန်ကူးများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် ဖွဲ့စည်းထားရှိမှုများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှုလျော့နည်းပပျောက်စေရေး ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပါက သတင်းပေးပို့နိုင်သည့် Hot Line ဖုန်းနံပါတ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)