ရမ်းဗြဲ မေ ၂၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးကို ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့မွန်းတည့် အချိန်က ရမ်းဗြဲမြို့နယ်၊ YB-ချောင်းဖျားအုပ်စု၊ ထိန်တွေကျေးရွာတွင် ဖွင့်လှစ်ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်တန်းသား၊ သင်တန်းသူများနှင့် ထိန်တွေကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဆက်လက်၍ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမှ ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယခုဖွင့်လှစ် သည့် အခြေခံအပ်ချုပ်စက်သင်တန်းကို သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၁) ရက်ပို့ချသင်ကြားပေးမည်ဖြစ်ရာ သင်တန်းချိန်ကို သင်တန်းကာလ အတွင်းနံနက် ၁၁ နာရီ မှ ညနေ ၄ နာရီထိသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)