ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ

ညောင်တုန်း  မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူလေးများက Country Roads သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၃) ဦးကျော်‌ဇေယျက အဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲ၊ ဆုပေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီ သင်တန်းသား၊ သင်တန်းသူများ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့‌ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)