ဟင်္သာတ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့် ခြင်များ ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ဟင်္သာတမြို့ တာကလေးရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် မြို့နယ်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေး အသင်းအဖွဲ့များတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ပြည်သူများ၏နေအိမ်များရှိ ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သည့် ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာဟောင်းများနှင့် ဘုရာပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ကျင့်သုံးကြရန်နှင့် အဘိတ်ဆေးခတ်ခြင်းများကို တစ်အိမ်တက်ဆင်း ပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော “သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကိုဇော် - ဟင်္သာတ