ချောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းအသီးသီးတွင် ယနေ့နံနက် ၉နာရီက ကျောင်းအပ်နှံခြင်းများကို စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာတွင် KG တန်းတွင် သင်ရိုးပုံနှိပ်စာ(၄)မျိုး၊ မူလတန်း Grade - (1) to (5) တွင်ပုံနှိပ်၊ ဗာစာအုပ်၊ ခဲတံ၊ အလယ်တန်းနှင့်အထက်တန်းတွင်ဘောပင်၊ ဗလာစာအုပ်၊ ပုံနှိပ်ဘာသာစုံ အခမဲ့ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကာလအတွင်း မူလတန်း Grade - (1) to (5)အတန်းများကို ကျောင်းဝတ်စုံပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းများတွင် ယနေ့နံနက်ပိုင်း၌ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်နှံလျက်ရှိသည်။
ချောက်မြို့နယ်တွင် အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း (၃၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၄)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း (၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၈)ကျောင်း၊ အမကကျောင်း(၉၂)ကျောင်း၊ အမက(ခွဲ)ကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘကကျောင်း(၅)ကျောင်း စုစုပေါင်း(၂၀၉)ကျောင်းရှိပြီး ကျောင်းအပ်နှံခြင်းအား မေ၂၆ရက်မှ ဇွန် ၁ရက်နေ့အထိ၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း အခြေခံပညာ သင်ယူခွင့်ရရန် အခမဲ့ကျောင်းအပ်လက်ခံခြင်းများ တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)