ရန်ကင်း မေ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် မြို့နယ်အဆင့် အခမ်းအနားကို မေလ(၂၆)ရက်နေ့ နံနက်ပိုင်း ၉:၀၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဖွင့်ပွဲတွင် အ.ထ.က (၂)ရန်ကင်း၊ အ.လ.က(လေ့ကျင့်ရေး) ရန်ကင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းနှင့် ပြည်မြန်မာတေးသီချင်းများဖြင့် သီဆိုဧည့်ခံကြသည်။
ထို့နောက် ရန်ကင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Grade-11(သင်ရိုးသစ်) သင်တန်းဆင်းလက်မှတ်အား ဆရာ၊ ဆရာမများအား ပေးအပ်ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းလှိုင်က Grade-5(သင်ရိုးသစ်) သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်သူ