ရွှေဘို မေလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ရွှေဘိုမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရွှေဘိုအတွေးရွှေဘိုသွေးမဂ္ဂဇင်းစာအုပ်မှ ကိုတေဇာ(သာခိုတောင်)ရေးသားသည့် “စကား” အားစာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ဦးစီးမှုးဒေါ်အေးမြမွန်ကပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပွင့်လင်းမြင်သာစွာပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို ဆောင်ရွက်ရာ မြို့နယ်စာရေးစရာအသင်း နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက ကိုတေဇာ(သာခို)ရေးသားသည့် “စကား” သည်လူတစ်ဦးနဲ့ တစ်ဦးပေါင်းသင်းဆက်ဆံကြရာမှာ အင်မတန်အရေးပါအရာရောက်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံသံတမန်ဆက်သွယ်ကြရာမှာလည်း “စကား” သည်လူသားတို့အတွက် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုက ပါဝင်ကြောင်း၊ စကားဖြစ်ကြောင်း(၃)မျိုး၊ ပါဠိတော်လာစကားကြီး(၆)မျိုး၊ အင်္ဂုတ္ထိုရ်မှာစကားများ သူရဲ့အပြစ်(၅)ပါး အကြောင်းများကို စိတ်ပါဝင်စားစွာ အပြန်အလှန် ပါဝင်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်