ရွှေပြည်သာ မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေလ ၁၆ ရက်နေ့မှ ဇွန်လ(၁)နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄) ကျောင်း ရှိကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ Mask တပ်စေခြင်း၊ လက်ဆေးဘေစင်များ ထားရှိခြင်များကို ဆောင်ရွက်ထားရှိပေးထားပြီး Mask နှင့် Face Shield များအား အခမဲ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ကျောင်းအပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)