မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်စတင်လက်ခံခြင်းဆောင်ရွက်

မြို့သစ် မေ ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက်   ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေး လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်း ခွဲ(၁၈)ကျောင်း၊  အလယ်တန်းကျောင်း(၃၀)ကျောင်း၊  အလယ်တန်းကျောင်းခွဲ(၂၉)ကျောင်း၊ မူလ တန်းလွန်ကျောင်း(၄၀)ကျောင်း၊ အမကကျောင်း(၅၅)ကျောင်း၊ အမကကျောင်းခွဲ(၇)ကျောင်း၊ ကိုယ် ပိုင်ကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်း စုစုပေါင်း (၁၉၃)ကျောင်းရှိကာ မေလ(၂၆)ရက်နေ့မှစတင်၍  ဇွန်လ(၁)ရက်နေ့အထိ   ကျောင်းသား/ သူများအား ကျောင်းအပ်နှံနိုင်ရေး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းသား/သူများကျောင်းအပ်နှံရာတွင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံ နှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံ(၁) စုံတို့အား နိုင်ငံတော်အစိုးရက အခမဲ့ ထောက်ပံပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)