ကျိုက်မရောတွင် နတ်စမ်းဒေသထွက် ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ စျေးကောင်း ရသဖြင့် မိသားစုဝင်ငွေတိုး

ကျိုက်မရော မေ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောရှိ နတ်စမ်းကျေးရွာမှ ကြက်မောက်သီးများ ယခုချိန်မှစတင်ကာ လှိုင်လှိုင်ပေါ်ထွက်ပြီး စျေးကောင်းလည်းရသဖြင့် ခြံပိုင်ရှင်များမိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

နတ်စမ်းရွာထွက် ယိုးဒယားကိုင်းဆက်မျိုးဖြစ်သည့် ကြက်မောက်သီးများ မေလအတွင်း အများအပြားထွက်ရှိကာ အခြားသောမြို့ကြီးများထိပင် တင်ပို့ရောင်းချနေ ရပြီးဖြစ်သည်။ နတ်စမ်းရွာတွင် ကြက်မောက်သီးကိုတစ်ရွာလုံးက စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးလာကြပြီး ဒေသထွက်ကုန်တစ်ခုအဖြစ် အမြို့မြို့အနယ်နယ်သို့ တင်ပို့နေရကြောင်း အသီးလည်းလှကာ အရသာမှာလည်းချိူမြနေပီး၊ အစေ့ကျွတ်အသီးများဖြစ်၍ စျေးကောင်းလည်းရရှိကြောင်း ယခုလိုမိုးဦးကျရာသီဆိုလျင် ကျိုက်မရော မော်လမြိင်ကား လမ်းဘေးတစ်လျောက်၌ ကြက်မောက်သီးအရောင်းဆိုင်များ များပြားကာ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိနေပြီး​ ကြက်မောက်သီးခြံရှင်များ အထူးဝင်ငွေရနေသည့်အချိန် လည်းဖြစ်ကြောင်း ကြက်မောက်သီး စီးအလုံးငါးဆယ်တစ်တွဲကို အနည်းဆုံး ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိရပြီး အလုံးတစ်ရာစီးတစ်တွဲဆိုရင်တော့ (၅၀၀၀) ကျပ်ထိ ရောင်းချရကြောင်း ဖောက်သည် စျေးကတော့ အနည်းငယ်လျော့ကာ အလုံးတစ်ရာလျှင် ၄၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ပေးရကြောင်း နတ်စမ်းရွာမှ ကြက်မောက်သီး စီးပွားဖြစ်စိုက်ပျိုးရောင်းချသူ ဒေါ်စမ်းစမ်းမော်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)