အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အမျိုးသမီးများ အိမ်တွင်းမှုပညာရပ်များ တတ်မြောက်ပြီး ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစုများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အိမ်တွင်းမှု ပညာရပ်များကို သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဉ် (၁/၂၀၂၂-၂၀၂၃)တွင် သင်တန်းသား/သူ (၉၉ ) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်လွဲ(၁)နာရီခွဲက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ(၁၇၇၄၉၆)ဦး၊ ဒုတိအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ(၁၅၃၂၃၃)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၂၂၆၆)ဦး စုစုပေါင်း(၃၄၂၉၉၅)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ (၂၆)ရက်နေ့မှစတင်၍ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
May 27,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု (၄)အုပ်စုတို့မှ ဇရပ်လှကျေးရွာအုပ်စုအပါအဝင် တောင်သူ(၇၈)ဦးတို့အား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်၊ အခြားသီးနှံမျိုးစုံအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် တောင်သူ(၇)ဦး၊ စပါးစိုက်ဧက (၂၉၄၀) တို့အတွက်
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများအားလုံး ကျောင်းသားကျောင်းသူများ သွေးလွန် တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက အဘိတ် Abate ဆေးခတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
May 27,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 27,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။