ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (၃၄၂၉၉၅)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည် မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်လွဲ(၁)နာရီခွဲက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ(၁၇၇၄၉၆)ဦး၊ ဒုတိအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ(၁၅၃၂၃၃)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၂၂၆၆)ဦး စုစုပေါင်း(၃၄၂၉၉၅)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ်တွင် ပြည်သူ(၁၆၇၆၂၁)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ(၈၇၉၆)ဦး၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၃၇၉)ဦး၊ စုစုပေါင်း(၁၇၇၄၉၆)ဦး၊ ဒုတိယအကြိမ်တွင် ပြည်သူ(၁၄၄၉၅၈)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦး၊ အသက်(၁၅)နှစ် နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင်(၁၃၆)ဦး၊ စုစုပေါင်း(၁၅၃၂၃၃)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ(၁၂၂၆၆)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အဆင်ပြေစေရေးအတွက် ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတော ရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊  ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများလည်းထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)