စလင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

စလင်း မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု (၄)အုပ်စုတို့မှ ဇရပ်လှကျေးရွာအုပ်စုအပါအဝင် တောင်သူ(၇၈)ဦးတို့အား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်၊ အခြားသီးနှံမျိုးစုံအတွက် တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် တောင်သူ(၇)ဦး၊ စပါးစိုက်ဧက (၂၉၄၀) တို့အတွက် ငွေကျပ် (၄၄၁၀၀၀၀၀) ကျပ်ကို မေလ ၂၄ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့မေလ ၂၇ ရက်နေ့အထိ ထုတ်ချေးခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂-၂၀၂၃ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယခင် ၂၀၂၁ ခုနှစ် မိုးရာသီချေးငွေ ပြေကြေသူ ပေးဆပ်သူ တောင်သူကြီးများကို ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေထုတ်ချေးစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူကြီးများကိုလည်း ချေးငွေပြန်လည်ပေးဆပ်ခြင်းကို လက်ခံ၍ မေလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲရုံးမှ သိရှိရသည်။

မောင်လွင် (ပြန်/ဆက်)