ကျောင်းကုန်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများအားလုံး ကျောင်းသားကျောင်းသူများ သွေးလွန် တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက အဘိတ် Abate ဆေးခတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၉၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၂)ကျောင်း၊ စုစုပေါင်း (၁၉၇) ကျောင်း၌ ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့်အဘိတ်Abate ဆေးခတ်ခြင်းလုပ်ငန်းကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများက ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)