သုံးခွမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

သုံးခွ မေ ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းက ကျောင်းနေအရွယ် ကလေးသူငယ်များနှင့် ပက်သက်၍ သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါ အကြောင်းစသည့် ကျန်းမာရေး အ‌သိပညာပေးခြင်းများ ပြောကြားသည်။ ဆက်လက်၍ ‌မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ကျောင်းနေအရွယ်ကလေး ကျောင်းနေရေး လုပ်ငန်းအစီအစဉ်နှင့် ပက်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများက ကျောင်းသား / ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်