မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင်  နေကြာ(မိုး)သီးနှံစိုက်ပျိုးပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ     မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး/ဆောင်း)ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးနေကြာစိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ မိုးနေကြာစိုက်ပျိုးပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်းအား တောင်သူများထံ ထောက်ပံ့ပေးထားကြောင်း မင်းလှမြို့နယ်တွင် မေ(၂၇)ရက်နေ့အထိ မိုးနေကြာ စိုက်ပျိုးပြီးစီးမှုမှာ သီးထပ်(၃)ဧက၊ သီးညှပ်(၅၄၉)ဧက၊ စုစုပေါင်း(၅၅၂)ဧက စိုက်ပျိုးပြီးဖြစ်ရာ မိုးနေကြာစိုက်ပျိုးရန် ကျန်ရှိနေသည့် လျာထားနေရာများတွင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)