အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အထက-သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 27,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ(၂၀၂၂)ခုနစ် မိုးရာသီအတွက် လူထုဖြန့်ချီ စိုက်ပျိုးမည့် ပျိုးပင်များစိုက်ပျိုးထားလျှက်ရှိကြောင်းသိရသည်။
May 27,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဆေးထိုးစုရပ်နှင့် သက်ဆိုင်ရာစုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
May 27,2022
ကရင်ပြည်နယ်၊​​ ကော့ကရိတ်မြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်း​တော်ကြီး​သင်ပညာရေးကျောင်းများ ကျောင်းအပ်နှံ​ရေး အခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ယ​နေ့နံနက်(၈း၃၀)နာရီအချိန်က ​ကော့က ရိတ်မြို့နယ် အထက(၁)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ​ ကျင်းပပြုလုပ်ခဲ့သည်။
May 27,2022
တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စံပြကွက် ကြဲပက်စိုက်ပျိုးပွဲကို မေလ(၂၆)ရက်နေ့ နံနက်(၈) နာရီက မြို့သစ်မြို့၊ ဗန္တုလကျေးရွာရှိ တောင်သူ ဦးလွန်းကျော်၏ လယ်ဧက (၁၃)ဧက ပေါ်တွင် ကြဲပက်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်  အ.ထ.က( ၁ ) ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။      
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ​တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောငိကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်းပါးစပ် / နှာခေါင်းစည်း ( Mask) များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်း၌ ပြုလုပ်ခဲ့သည်။
May 27,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီး၍ မြို့နယ်အတွင်း ပြည်သူလူထုအား ကြက်ခြေနီအကြောင်း အသိပညာဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရမ်းမြို့ အမှတ် ( ၇ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။