အမြို့မြို့အနယ်နယ်သတင်းများ

May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂)  အခြေခံပညာ အထက်တန်း‌ကျောင်း၌ ယနေ့နံနက် (၉) နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပသည်။
May 27,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ( Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယနေ့နံနက် ၉ နာရီက‌  ဒေါပုံမြို့နယ် အလက(၄)ကျောင်း    တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် (ယနေ့)နံနက် ၉ နာရီက အ.ထ.က(၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ “ကျောင်းရိပ်ဌာနီ တက်လှမ်းချီ” သီချင်းဖြင့် ဆရာမများက သီဆိုဖွင့်လှစ်ခဲ့သည်။
May 27,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက် / ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 27,2022
၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် (၃၅)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ ၌ကျင်းပသည်။
May 27,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ယမန်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မိဘများကသားသမီးများအား ကျောင်းသို့လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စု များအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 27,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက်၁၁နာရီက အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်းသိရသည်။