ရွှေကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

ရွှေကူ မေ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပညာသင်စရိတ် ထောက်ပံ့ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဖြိုးထွန်း၊ ဒုတိယဦးစီးမှူး ဦးနိုင်ထူးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်ဝင်းဝင်းပြုံးတို့က မူလတန်းအဆင့် ဝန်ထမ်းသား/သမီး (၂၃)ဦး၊ အလယ်တန်းအဆင့် ဝန်ထမ်းသား/သမီး (၇)ဦး၊ အထက်တန်းအဆင့် ဝန်ထမ်းသား/သမီး (၃)ဦး၊ တက္ကသိုလ်တန်းအဆင့် ဝန်ထမ်းသား/သမီး (၄)ဦး၊ စုစုပေါင်း ဝန်ထမ်းသား/သမီး (၃၇)ဦး၊ အတွက် ငွေသား (၄၉၅၀၀ဝိ/)ကျပ်တို့အား ဝန်ထမ်းသား/သမီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)