အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာရုံးနှင့် WFP ကမ္ဘာ့စားနပ်ရိက္ခာရုံးတို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာရေနို့သောက်စို့ဖို့အတွက် ကျောင်းတက်လာကြသည်ကို တွေ့ရသည်။
Jun 03,2022
လွိုင်ကော်မြို့နယ်အတွင်း ကျောင်းများစတင် ဖွင့်လှစ်သည့်နေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၇၈၃)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ကို လျာထားချက်ပြည်မီအောင် ယမန်နေ့မှ စတင်းပြီး အမှတ် (၁) နှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ကျော်နိုင်၊ ခရိုင်ပညာရေးမှူးဒေါက်တာမာမာဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသူရဦး၊မြို့နယ်ပညာရေးမှူး(တာဝန်ပေး)လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆန်းတို့လိုက်ပါလျက်
Jun 03,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်ကာဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပညာရေးမှုး ဦးအေးဝင်းနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ‌
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှုဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉:၀၀) နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှ အသက် (၅) နှစ်မှ (၁၂) အတွင်းရှိ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်မှစ၍ စတင်ထိုးနှံပေးလျက်ရှိသည်။