တောင်ဥက္ကလာပမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် စတင်ဖွင့်လှစ်သင်ကြား

တောင်ဥက္ကလာပ ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွန်လ (၂) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၄၃  ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၇ ကျောင်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ၊ ဆရာမများ ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

တောင်ဥက္ကလာပတစ်မြို့နယ်လုံးတွင် ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၆၅၉) ဦး ကျောင်းအပ်နှံပြီးကြောင်း ယခင်နှစ်ကထက် ကျောင်းအပ်နှံသူတိုးလာကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

ခင်ဆွေနှင်း