လွိုင်ကော် ဇွန် ၃
လွိုင်ကော်မြို့နယ်အတွင်း ကျောင်းများစတင် ဖွင့်လှစ်သည့်နေ့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၇၈၃)ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ်ကို လျာထားချက်ပြည်မီအောင် ယမန်နေ့မှ စတင်းပြီး အမှတ် (၁) နှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံနေမှုအား၊ လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်၊ လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူး မိုးဝင်းထက်တို့က သွားရောက်ကြည်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)