သန်လျင် ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာရေနို့သောက်စို့ဖို့အတွက် ကျောင်းတက်လာကြသည်ကို တွေ့ရသည်။
ယနေ့စတင်ဖွင့်လှစ်သော အခြေခံပညာကျောင်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ထက်၊ လယ်၊ မူ၊ဘကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၄၆၉)ဦး၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်း၊ ထက်၊ လယ်၊ မူ၊ ဘကကျောင်းများ စုစုပေါင်း (၁၅၁)ကျောင်းရှိရာ ထိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၃၁၇)ဦး၊ သုံးခွမြို့နယ်တွင် အခြေခံပညာကျောင်း၊ ထက်၊ လယ်၊ မူ၊ ဘကကျောင်းများ စုစုပေါင်း (၁၅၂)ကျောင်းရှိရာ ထိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၅၆၃)ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကျောင်းပေါင်း(၁၇)ကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း (၄၈၄၂)ဦး၊ ကွမ်းခြံကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း (၁၂၆)ကျောင်း၊ တွံတေးမြို့နယ်တွင် ကျောင်းပေါင်း (၂၁၉)ကျောင်းမှကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၉၄၅၃)ဦး၊ ကျောက်တန်းမြို့နယ်တွင် ကျောင်းပေါင်း (၁၃၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀၇၆)ဦး၊ ဒလမြို့နယ်တွင် ကျောင်းပေါင်း(၈၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၉၇၅)ဦးနှင့် တံတားမြို့နယ်တွင် ထက်၊ လယ်၊ မူ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇၉)ဦးနှင့် ကိုကိုကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ထက်၊လယ်၊မူ၊ကျောင်သားကျောင်းသူ စုစုပေါင်း (၂၂၂)ဦးတို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများက စာသင်ခန်းမများအတွင်း ပညာသင်ကြားနေမှုအား ရှင်းလင်းတင်ပြကြရာ လိုအပ်သည်များကို ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘကကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)