ဒိုက်ဦး ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှ အသက် (၅) နှစ်မှ (၁၂) အတွင်းရှိ ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်မှစ၍ စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခရီစဲလ်ဒါနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ကုသရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGOများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးခြင်းအား ဒိုက်ဦးတစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းပေါင်း ၁၇၇ ကျောင်းတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)