အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေး စင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် (First Dose၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း (၈၈)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ် စုစုပေါင်း(၄၁)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၂၅)ဦးရှိကြောင်း သိရှိရသည်။
Jun 03,2022
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အမှီ ကျောင်းသားဦးရေများလာသည်နှင့်အမျှ လိုအပ်သည့် ကျောင်းဆောင်သစ်ဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အား ယနေ့နံနက် (၁၁)နာရီ က တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာကြီး ဇာဏီဟိန်း(သီပေါ) တို့ပူးပေါင်းပြီး မီးခိုးမြူငွေ့ အန္တရာယ်ဝိုင်းဝန်းကာကွယ်  အသိပညာပေး Talk Show ကို
Jun 03,2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက်နှင့် (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Jun 03,2022
၂၀၂၂၂-၂၀၂၃ပညာသင်နှစ်၊ဇွန်(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားပြီးဖြစ်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများမှ​ အေးချမ်း​ပျော်ရွှင်စွာ ပညာသင်ကြားကြောင်း သိရှိရသည်။
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိရာ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2022
အခြေခံပညာအဆင့်ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌သင်ကြား၊ သင်ယူမှုဆောင်ရွက်ပေးနေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။