နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့်သင်ကြားနေမှုအားကြည့်ရှု

တပ်ကုန်း ဇွန် ၃

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ကျော်နိုင်၊ ခရိုင်ပညာရေးမှူးဒေါက်တာမာမာဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသူရဦး၊မြို့နယ်ပညာရေးမှူး(တာဝန်ပေး)လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဆန်းတို့လိုက်ပါလျက် တပ်ကုန်းမြို့နယ်အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြဝတီ ရပ်ကွက်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကိုဗစ်ကာကွယ်ဆေးထိုးစုရပ်နှင့်ဗိုလ်မင်း ရောင်ရပ်ကွက်၊ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာသင်ကြားနေမှုကို ယမန်နေ့ နံနက် ၉ နာရီခွဲက  ကွင်းဆင်းကြည့်ရှုခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက အမှတ်(၁)၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်များသို့ ရောက်ရှိ၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအား သွေးပေါင်း ချိန်ခြင်း၊ကွန်ပျူတာ စာရင်းရေးသွင်းခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှု၍ လည်းကောင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီဝက်နားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ပြီး၊ ကျောင်းအတွက် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ကြီးများက လက်ခံခဲ့သည်။ ထို့နောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့  ဆက်လက်ရောက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ တွေ့ဆုံ၍ အတန်းလိုက်ကျောင်းသား၊ကျောင်းသူများ ပညာသင် ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် အထက(၁၄)ကျောင်း၊ အထက-ခွဲ(၁၆)ကျောင်း၊ အလက(၁၆) ကျောင်း၊ အလက-ခွဲ(၁၈)ကျောင်း၊ မူလွန်(၄၄)ကျောင်း၊ အမက(၅၃)ကျောင်း၊ အမက-ခွဲ(၆) ကျောင်းများ စတင်ဖွင့်လှစ်ပြီး၊ အသက်(၅)နှစ်အထက် ကျောင်းသား၊ကျောင်းသူ (၂၀၃၈၃)ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လျာထားကြောင်းသိရပြီး၊ ကိုဗစ်ကာကွယ်ဆေး (Sinopharm) ကို အထက(၁)၊အထက(၂)အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်