အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ယမန်နေ့ နံနက်(၈)နာရီခွဲ အချိန်မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုများအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Jun 03,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများအား မြေဆီလွှာဖွံ့ဖြိုးရေး (၇)သွားစက်ထယ်ဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်)ကျွေးခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုန်းရွာကျေးရွာ တောင်သူဦးချိုဝင်း၏ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်အတွင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်း သား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများ ထံက သိရသည်။
Jun 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့နံနက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းတက်ရောက်နေသူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
Jun 03,2022
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။