အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး ဂေဟစနစ်ပိုမို ကောင်းမွန်လာစေရန် ရည်ရွယ်၍ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ရှိ တပ်မြေဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 03,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယမန်နေ့ နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
Jun 03,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (‌အရှေ့ပိုင်း) မြို့နယ်၌ မွေးစအသက် (၂) လမှ (၁) နှစ်ခွဲထိ ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ် ၇ ရပ်ကွက် ဒေသန္တာရ ကျန်းမာရေးဌာနခွဲ တွင် ထိုးနှံ​​လျက်ရှိ​ပြီး ကျန်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း သတ်မှတ် ဆေးထိုးစု ရပ်နေရာများအလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jun 03,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ပန်းခြံများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပျိုးဥယျာဉ်အတွင်း အရိပ်ရပင်၊ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်း သပ်ရပ်သာယာလှပရေးကိစ္စရပ်များအား စီမံချက်များရေးဆွဲ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
Jun 03,2022
အခြေခံပညာကျောင်းများကို ယမန်နေ့မှ၍ တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းသို့လာရောက်၍ ပညာသင်ကြားလျက်ရှိသည်ကို မြင်တွေ့ရသည်။
Jun 03,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်းများအား ယမန်​နေ့နံနက်ပိုင်းအချိန်မှစ၍ ဖွင့်လှစ်သင်ကြား​နေပြီဖြစ်​ကြောင်း သိရသည်။
Jun 03,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​မန်နေ့နံနက် ၈ နာရီအချိန်က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
Jun 03,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှစတင်၍ ဖွင့်လှစ်ပညာသင်ကြား ပေးလျက်ရှိသည်။