ပန်းတောင်းမြို့နယ် နတ်မောက်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနား

ပန်းတောင်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် နတ်မောက်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်က သင်တန်းမှ ရရှိသော အကျိုးကျေးဇူးများကို အသုံးချတတ်စေရန်နှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူဖြစ်စေရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းတွင် နတ်မောက်ကျေးရွာ အနီးအနားမှ သင်တန်းသူ(၂၅) ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ (၁)လ ကြာမြင့်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး