ပြည်ကြီးမဏ္ဍိုင်မြို့တွင်အသက်(၅)နှစ်မှ(၁၂)နှစ်အောက်ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင် ဇွန်  ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်()နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်း၌ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ အ.ထ.က(၁) ကျောင်း၊ အ.ထ.က(ခွဲ)(၂)ကျောင်း၊ အ.လ.က(၃) ကျောင်း၊ အ.မ.က (၁၃)ကျောင်း၊ မူလွန်(၂)ကျောင်း၊စုစုပေါင်း(၂၁)ကျောင်းရှိရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်း ဆောင်ခန်းမ ဆေးထိုးစုရပ်နေရာတွင်  အသက် () နှစ်မှ (၁၂) နှစ်ထိ ကျား (၇၃)ဦး ၊မ(၉၇)ဦး စုစုပေါင်း(၁၇၀) ဦးအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာမိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သန်းသန်းဝင်း မှပြောကြားသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့် အညီဆေးမထိုးနှံပေးပြီ  ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့်နားနေ စောင့်ကြည့်ခြင်းဖြင့်ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)