တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/သူ (၉၃.၄၂) ရာခိုင်နှုန်းပညာသင်ကြား

တံတားဦး ဇွန် ၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများမှလိုက်ပါပို့ဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်က အေးချမ်းပျော်ရွှင်စွာဖြင့် (၉၃.၄၂)ရာခိုင်နှုန်း ပညာသင်ယူနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား/သူများ ပညာသင်ကြားရာတွင် အခက်အခဲမရှိပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်မှတာဝန်ရှိသူများ ရပ်မိရပ်ဖများ၊ ဆရာ/မများ၊ ကျောင်သားမိဘများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့် တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်း၊ စုစုပေါင်း (၁၃၀)ကျောင်းတွင် အထက်တန်းဆင့် (၉၅၄)ဦး၊ အလယ်တန်းအဆင့် (၃၆၆၉)ဦး၊ မူလတန်းအဆင့်(၁၃၂၈၃)ဦး ကျောင်းသား/သူ(၁၇၉၃၆)ဦး ရာခိုင်နှုန်းအားဖြင့် (၉၃.၄၂) ရှိပါကြောင်း၊ ကလေးငယ်များ အနေဖြင့်လည်း ပျော်ပျော်ရွှင်ရွှင်တက်ရောက်ပညာသင်ကြားနေကြရာ တံတားဦးမြို့နယ်အနေဖြင့် ရာနှုန်းပြည့်ကျောင်းတက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှသိရသည်။

ရဲတင့်