ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေ

ကျောက်ကြီး ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိမ်းလမ်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးလျက် ရှိသည်။

 ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကို သိရှိစေရန်နှင့် သစ်တောထိန်းသိမ်းရေးတွင် ပူးပေါင်းပါ၀င်လာစေရန် ယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မန်ဂျန်ရှားပင်၊ ယမနေပင်၊ ယူဂလစ်ပင်၊ ကုလားကုက္ကိုလ်ပင်၊ စိန်ပန်းကြီးပင်များနှင့် အခြားပျိုးပင် များလည်း ပျိုးထောင်ထားရှိပြီး လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ လမ်းဘေးအရိပ်ရ အပင်များ စိုက်ပျိုးပေးခြင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ထင်းအသုံးပြုသူများသဖြင့် ကျေးရွာထင်းလိုအပ်ချက်အရ ကျေးရွာတစ်ရွာ နှစ်ဧက စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ပျိုးထောင်ထားရှိပေးထားပြီး၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ပြုလုပ်ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသည့် ဒေသခံပြည်သူများ၊ မြို့နယ်ဌာနဆိုင်ရာရုံးများအား သစ်တောဦးစီးဌာန မြို့နယ်ယာယီပျိုးဥယျာဉ်၌ အရိပ်ရပျိုးပင်များအား အခမဲ့ ဖြန့်ဝေးပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရသည်။

မြို့နယ်(ပြန်/ဆက်)