တာချီလိတ်၊ ဇွန် ၃
လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁၅၁)ဦး၊ အမျိုးသမီး(၄၈)ဦး စုစုပေါင်း (၁၉၉)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် ယနေ့နံနက်( ၁၀ )နာရီက မြန်မာတာဝန်ရှိသူများမှ လက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန်များကို ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ကျန်းမာရေးဌာနဝန်ထမ်းများက သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့ရာ နေရပ်ပြန်များအားလုံး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သဖြင့် စံလင်းဖြိုး Quarantine Centre တွင် (၇)ရက်ကြာထားရှိ၍ ကျန်းမာရေးစစ်ဆေးမှု နှစ်ကြိမ်ထပ်မံခံယူပြီး ရောဂါကင်းစင်သူများကို မိမိနေရပ်သို့ပြန် လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွေ့ပြောင်းမြန်မာအလုပ်သမားများကို စံလင်းဖြိုး Quarantine Centre ၌ ထားရှိစဉ် ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းက အုပ်ချုပ်ရေးနှင့်လူမှုရေး ကူညီစောင့်ရှောက်မှုများကို ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)