အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးဝန်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကပ်ထား ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
Jun 17,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများစာရင်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင် ယနေ့ နံနက် ၆ အချိန်မှစတင်၍ထုတ်ပြန်ရာ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Jun 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းပြီ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကျောက်အိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ပေါက်တောမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက် ကြည့်ရှုလျက်ရှိသည်။
Jun 17,2022
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၁-၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်လျက် ရှိရာ သံတွဲမြို့နယ်တွင်လည်း ယနေ့နံနက် ၆ နာရီမှစတင်၍ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနရှိသည့် သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ထားလျက် ရှိကြောင်းသိရသည်။
Jun 17,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ယခု ဇွန်လ ၁၇ ရက်နေ့၌ တက္ကသိုလ်စာမေးပွဲ အောင်စာရင်းများအား သက်ဆိုင်ရာကျောင်းအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်။