မော်လိုက်မြို့၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ (ဒုတိယနေ့)ကျင်းပ

မော်လိုက်         ဇွန်          ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ(ဒုတိယနေ့)ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉) နာရီ အချိန် က အ.ထ.ကကျောင်းတွင် မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ကြသည်။

၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test(အထူးအစီအစဉ်) စာမေးပွဲ(ဒုတိယနေ့) ဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၂၉)ဦးရှိရာ Grade -1 တွင်ဖြေဆိုသူ(၆)ဦး၊ Grade-2 တွင်ဖြေဆိုသူ(၅)ဦး၊ Grade-3 တွင်ဖြေဆိုသူ(၆)ဦး၊Grade-4တွင်ဖြေဆိုသူ(၃)ဦး၊ Grade-5 တွင် ဖြေဆို သူ(၃)ဦး၊  Grade -6 တွင်ဖြေဆိုသူ(၃)ဦး၊ Grade -7တွင်ဖြေဆိုသူ(၂)ဦး၊ Grade -8 တွင်ဖြေဆို သူ(၁)ဦးရှိကြောင်း ဖြေဆိုသည့်ရာခိုင်နှုန်းအနေဖြင့် ရာနှုန်းပြည့်ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုထက်(ပြန်/ဆက်)