မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မော်လိုက် ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြည်သူ့အားကစားကွင်း၌တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များက ပျိုးပင်များကို တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြပြီး ကျွန်း(၂၅၀)၊ ပိတောက်(၂၅၀)၊ ပျဉ်းကတိုး(၈၀)၊ စိန်ပန်း(၅၀)ပင် စုစုပေါင်း(၆၃၀)ပင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)