ကြံခင်းမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား Placement Test အထူးအစီစအဉ်ဖြင့် အရည်ချင်းစစ်စာမေးပွဲကျင်းပ

ကြံခင်း ဇွန် ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဥ်) စာမေးပွဲကို ယမန်နေ့ကစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရက အကြောင်းအမျိုးမျိူးတို့ကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့် Grade-1မှ Grade-5 နှင့် အခြေခံပညာ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်)စာမေးပွဲအား ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၁၄ ဦးဝင်ရောက် ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ (ပထမနေ့)မြန်မာစာဘာသာရပ်အား စိတ်အေးချမ်း သာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) ဆရာကြီး ဦးမောင်မောင်အေး ဦးဆောင်ကာ ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ Placement Test (အထူးအစီအစဥ်)စာမေးပွဲအား ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)