မိုးညှင်း ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းခေတ်မီစံပြကျေးရွာ အောင်စည်သာယာခန်းမ၌ ကျင်းပသည်။
ဦးစွာသင်တန်းဆင်းပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ၎င်းသင်တန်းဆင်းပြီးသွားပါက သင်တန်းသူများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း၏အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းပြီးစီး၍ သင်တန်းသူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိုယ်ပိုင်အပ်ချုပ်စက်ဆိုင်ဖွင့်လှစ်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အရင်းအနှီးမတည်ငွေများကိုလည်ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်းအခမ်းအနားတွင် တက်ရောက်လာကြသူများနှင့် သင်တန်းသူအား အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်ခဲ့ကြသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ၎င်းသင်တန်းအား မေ (၁) ရက်မှ ဇွန် (၁၄) ရက်အထိ တစ်လခွဲကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း